စိတ်သစ် လူသစ်နဲ့ လောကသစ်ကို ဖြတ်သန်းချင်လို့ ချစ်သူသင်ဇာဝင့်ကျော်နဲ့ လမ်းခွဲလိုက်ကြောင်း ပြောလာတဲ့ ရဲရင့်မိုး

စိတ်သစ် လူသစ်နဲ့ လောကသစ်ကို ဖြတ်သန်းချင်လို့ ချစ်သူသင်ဇာဝင့်ကျော်နဲ့ လမ်းခွဲလိုက်ကြောင်း ပြောလာတဲ့ ရဲရင့်မိုး

ပရိသတ်ကြီးရေ ပုရိသတွေရဲ့အသဲကျော် မင်းသမီးလေး သင်ဇာဝင့်ကျော် ကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး အောင်မြင်မှုများစွာကိုရရှိထားသူလဲဖြစ်ပါတယ်။ သူမရဲ့ လှပတဲ့မျက်နှာလေးနဲ့ ပြီးပြည့်စုံပြီးလှပတဲ့ ကိုယ်လုံးလေးကလဲ ပရိသတ်တွေရဲ့အသဲကိုဖမ်းစားထားသူလဲဖြစ်ပါတယ်။ သူမကတော့ သူမရဲ့ချစ်သူ ရဲရင့်မိုးနဲ့လဲ ပရိသတ်ကို မိတ်ဆက်ပေးထားတာဖြစ်ပြီး လိုက်ဖက်လွန်းလို့ ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲလေးလဲဖြစ်ခဲ့ပါတယ်နော်။ လက်ရှိမှာတော့ သင်ဇာဝင့်ကျော်ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာလဲဖြစ်ပါတယ်နော်။ လက်ရှိမှာတော့ သင်ဇာဝင့်ကျော်ရဲ့ချစ်သူ ရဲရင့်မိုးက ချစ်သူ သင်ဇာဝင့်ကျော်နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်းအခုလိုပဲပြောလာခဲ့ပါတယ်နော်။

ရဲရင့်မိုးက”ရဲရင့်မိုးက “စိတ်သစ် လူသစ် အနာဂတ်အသစ်Attention ယူတယ်အထင်မှား မှာဆိုးတာကြောင့်ရော တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်း မရှိတာရောကြောင့် ကျွန်တော် ကြားထဲမှာ Interview တစ်ခုလေးကိုမှ ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူးခင်ဗျာ။ ကျွန်တော့်ကို ချစ်ပြီးခုထိ စိတ်ခွန်အားတွေပေးတဲ့ ဦးဦး ဒေါ်ဒေါ်တွေ အကိုတွေ အမတွေနဲ့ ညီငယ် ညီမငယ်တွေအားလုံးကို တစ်ချို ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေဖွင့်ပြောပြဖို အချိန်ကျလာပြီလို ကျွန်တော် ခံစားနားလည်မိပြီး ဒီ post ကို တင်ပေးရခြင်း ဖြစ်ပါတယ် ခင်ဗျာ … ။ ဒီ post ကိုတင်ရခြင်းမှာ ကျွန်တော်နဲ့တိုက်ရိုက်သက်ဆိုင်ခဲ့ဖူးသူဖြစ်စေ မသက်ဆိုင်သူဖြစ်စေ ကျွန်တော့ အနီးနား ရှိပေးနေကြတဲ့ ရပ်တည်ပေးခဲ့ကြတဲ့သူ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိသလို ထိခိုက်စေခြင်းမပြကြဖို ချစ်ရတဲ့အား ပေးသူတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်အနူးအညွတ်မေတ္တာရပ်ခံပါရစေခင်ဗျာ။

ခုချိန်မှာ ကျွန်တော့်ရဲ့ပြီးဆုံးသွားတဲ့ Relationshipနဲ့ ပက်သက်ပြီးအားလုံးနားလည်ကြလိမ့် မယ်လို ယုံကြည်ပါတယ်။ကျွန်တော်လဲ စိတ်အသစ် လူအသစ်နဲ့ ကျွန်တော့်အလုပ်တွေကို ဘဲအာရုံစိုက်ပြီး ရှေ့ဆက်လျောက်နေခဲ့တာအချိန်တစ်ခုရှိနေပြီမို အားလုံး နားလည်ပေးကြ ပါခင်ဗျာ။ ကောင်းခြင်းဆိုးခြင်းတွေ ဘာမှ ပြန်ပြီးဖြေရှင်းဖို မရှိတာမို ဒီလောက်နဲ့ဘဲ ကျေနပ် ကြပါခင်ဗျာ …” ဆိုပြီး ပြောလာခဲ့ပြီး စိတ်သစ် လူသစ်နဲ့ လောကသစ်ကိုဖြတ်သန်းတော့မယ်ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။ သင်ဇာလေးလဲ ခုလိုချိန်မျိုးမှာ ချစ်သူနဲ့ခုလိုလမ်းခွဲခဲ့ခြင်းဟာ သူမအတွက်နာကျင်မှုတွေပဲဖြစ်နေမလား ရင့်ကျက်စွာနဲ့ဖြတ်သန်းနေမလားဆိုတာကတော့ သူမကိုယ်တိုင်ပဲသိမှာပါနော်….

Writter X





Writter X