ချစ်သူလှယမင်းအိမ်ကို အနာဂတ်အတွက်ရည်ရွယ်ထားပြီးချစ်ခဲ့တာဖြစ်ကြောင်း ဖွင့်ပြောလာတဲ့ နေလင်းကျော်

ချစ်သူလှယမင်းအိမ်ကို အနာဂတ်အတွက်ရည်ရွယ်ထားပြီးချစ်ခဲ့တာဖြစ်ကြောင်း ဖွင့်ပြောလာတဲ့ နေလင်းကျော်

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဆံပင်ရှည်ကြီးနဲ့ ဆွဲဆောင်မှုရှိခဲ့သလို သီချင်းဆိုရာမှာလဲ အရမ်းတော်တဲ နေလင်းကျော်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့သူတစ်ယောက်ပါ။ နေလင်းကျော်ဟာ Winner ဆု ကြီးနဲ့ လွဲချော်ခဲ့ပေမယ့် သူဝါသနာပါတဲ့ ဂီတအနုပညာ လမ်းကြောင်းပေါ်လျှောက်လှမ်းနေလျက်ရှိကာ ပရိသတ်တွေအတွက်လည်း သီချင်းတွေဆက်တိုက် ထုတ်ပေးနေတာပဲဖြစ်ပါတယ်။

ပထမအကြိမ် အိမ်ထောင်ရေးမှာ အထစ်အငေါ့တွေရှိခဲ့တဲ့ နေလင်းကျော်ဟာ သူ့ရဲ့အိမ်ထောင်နဲ့လည်းတရားဝင်ကွာရှင်းခဲ့ပြီးပြီပဲဖြစ်ပါတယ်။ အခုဆိုရင်အဆိုတော် လှယမင်းအိမ်နဲ့ ချစ်ကြိုက်နေကြောင်း ပရိသတ်ကို တရားဝင်အသိပေးထားပြီဖြစ်တဲ့ နေလင်းကျော်ဟာ ဒီကနေ့မှာလည်း ယမင်းအိမ်နဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားကို ပြောလာပါတယ်။ နေလင်းကျော် က “She is my Future အမြဲတမ်းဘေးမှာရည်တည်ပေးတဲ့အတွက် ကျေးဇူးလည်းတင်သလို အရမ်းလည်း ချစ်တယ်နော်သဲ ” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါ တယ်။

နေလင်းကျော်ကတော့ အမြဲတမ်းသူ့နံဘေးမှာရပ်တည် ပေးတဲ့ ချစ်သူ လှယမင်းအိမ်ကို အနာဂတ်အတွက် ရည်ရွယ်ထားပြီဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ နေလင်းကျော်တို့ ချစ်သူနှစ်ယောက် ထာဝရပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Writter X

ခ်စ္သူလွယမင္းအိမ္ကို အနာဂတ္အတြက္ရည္ရြယ္ထားျပီးခ်စ္ခဲ့တာျဖစ္ေၾကာင္း ဖြင့္ေျပာလာတဲ့ ေနလင္းေက်ာ္

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲမွာ ဆံပင္ရွည္ႀကီးနဲ႔ ဆြဲေဆာင္မႈရွိခဲ့သလို သီခ်င္းဆိုရာမွာလဲ အရမ္းေတာ္တဲ ေနလင္းေက်ာ္ကေတာ့ မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရရွိခဲ့သူတစ္ေယာက္ပါ။ ေနလင္းေက်ာ္ဟာ Winner ဆု ႀကီးနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ သူဝါသနာပါတဲ့ ဂီတအႏုပညာ လမ္းေၾကာင္းေပၚေလွ်ာက္လွမ္းေနလ်က္ရွိကာ ပရိသတ္ေတြအတြက္လည္း သီခ်င္းေတြဆက္တိုက္ ထုတ္ေပးေနတာပဲျဖစ္ပါတယ္။

ပထမအႀကိမ္ အိမ္ေထာင္ေရးမွာ အထစ္အေငါ့ေတြရွိခဲ့တဲ့ ေနလင္းေက်ာ္ဟာ သူ႔ရဲ႕အိမ္ေထာင္နဲ႔လည္းတရားဝင္ကြာရွင္းခဲ့ၿပီးၿပီပဲျဖစ္ပါတယ္။ အခုဆိုရင္အဆိုေတာ္ လွယမင္းအိမ္နဲ႔ ခ်စ္ႀကိဳက္ေနေၾကာင္း ပရိသတ္ကို တရားဝင္အသိေပးထားၿပီျဖစ္တဲ့ ေနလင္းေက်ာ္ဟာ ဒီကေန႔မွာလည္း ယမင္းအိမ္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕သေဘာထားကို ေျပာလာပါတယ္။ ေနလင္းေက်ာ္ က “She is my Future အၿမဲတမ္းေဘးမွာရည္တည္ေပးတဲ့အတြက္ ေက်းဇူးလည္းတင္သလို အရမ္းလည္း ခ်စ္တယ္ေနာ္သဲ ” ဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါ တယ္။

ေနလင္းေက်ာ္ကေတာ့ အၿမဲတမ္းသူ႔နံေဘးမွာရပ္တည္ ေပးတဲ့ ခ်စ္သူ လွယမင္းအိမ္ကို အနာဂတ္အတြက္ ရည္႐ြယ္ထားၿပီဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္။ ေနလင္းေက်ာ္တို႔ ခ်စ္သူႏွစ္ေယာက္ ထာဝရေပ်ာ္႐ႊင္စြာလက္တြဲသြားႏိုင္ပါေစလို ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Writter X