ချစ်သူငယ်ချင်းတွေလုပ်ပေးတဲ့ ပွဲလေးကြောင်း ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ နန်းစန္ဒာလှထွန်း

ချစ်သူငယ်ချင်းတွေလုပ်ပေးတဲ့ ပွဲလေးကြောင်း ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ နန်းစန္ဒာလှထွန်း

ပရိသတ်ကြီးရေ… နန်းနန်းလို ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော လေး နန်းစန္ဒာလှထွန်းက်တော့ အနေအေးပြီး စိတ်သဘောထားလည်း နူးညံ့သိမ်မွေ့တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုကို အခိုင်အမာရရှိထားသူတစ် ယောက်ပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းဟာ အနုပညာ အသိုင်းအဝိုင်းတစ်ခုလုံးမှာလည်း အချစ်ခံရသူတစ် ယောက်ဆို လည်း မမှားပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ နန်းစန္ဒာလှထွန်းဟာ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ချပြလာခဲ့ကာ မကြာခင်မှာ လက်ထပ်တော့မယ့်အကြောင်းကို Pre Wedding ဓာတ်ပုံလေးတွေနဲ့တကွ ချပြ လာခဲ့ပါတယ်။ နန်းစန္ဒာလှထွန်းရဲ့ မင်္ဂလာသတင်းအတွက် အားလုံးက ဝမ်းသာနေ ကြပြီး သူမကိုချစ်ကြသူတွေက သူမအတွက် ပွဲလေးတွေပြုလုပ်ပေးနေကာ အမှတ်တရတွေကို ဖန်တီးပေး နေကြတာပဲဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းကတော့ သူမကို အိမ်ထောင်မကျခင် အပျိုဘဝမှာ ချစ်သူငယ်ချင်းတွေလုပ်ပေးတဲ့ Bride to be ပွဲလေးကြောင့် မျက်ရည်ကျတဲ့အထိအပျော်ရွှင်ခဲ့ရတာကို တွေ့ရပါတယ် ပရိသတ်ကြီး လည်း နန်းစန္ဒာလှထွန်းရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို ထင်ပါ တယ်နော်။



