ကျန်းမာရေးအခေအြနေကြောင့် ဆေးတတ်ရောက်ကုသနေရတဲ့ မင်းသားစွမ်းဇာနည်

ကျန်းမာရေးအခေအြနေကြောင့် ဆေးတတ်ရောက်ကုသနေရတဲ့ မင်းသားစွမ်းဇာနည်

ပရိသတ်ကြီးရေ စွမ်းကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသားတစ်လက်အနေနဲ့သာမက သဘင်မင်းသားတစ်လက်အနေနဲ့လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့အထိအောင်မြင်တဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ စွမ်းကတော့ လတ်တလောမှာ

ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားထားခဲ့ပြီး ဇာတ်သဘင်ကို ပိုမို ဦးစားပေးလုပ်ကိုင်နေခဲ့တာပဲဖြစ်ပါတယ်။ အလုပ်တွေကို ပြန်လည်ကြိုးစားပြီးလုပ်ကိုင်နေတဲ့ စွမ်းကတော့ မနေ့က ဆေးရုံမှာ ဆေးကုသမှုခံယူနေရကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ ပြောပြလာခဲ့ပါတယ်။ “အလုပ်တွေလုပ်ချင်သေးပါတယ် ဘယ်သူ့အတွက်ဆိုတာက ကျေးဇူးရှင်ပရိတ်သတ်တွေအတွက်မှန်ကန်တဲ့အနုပညာ ကျွန်တော့မိသားစု/ကျွန်တော့ရဲ့ကျေဇူးရှင်ဆရာသမားများ အရာရာစောင့်ရှောက်ပေးတဲ့ အကို/အမတွေ ညီလေး/ညီမလေးတွေ အတွက် ကံတရားကြီးရေ အသက်ရှင်ခွင့်ပေးပါဦး ….. ဆေးရုံမှာတော့ရှိနေဦးမယ်

နိုင်ငံခြားထိ သွားကုရရင်လည်း ကုသရမယ်။ အသက်ရှင်ရင်တော့ ကိုကိုစွမ်း ပရိတ်သတ်အတွက်အလုပ်တွေအများကြီးလုပ်မယ်ပရိတ်သတ်ကြီးအတွက်စာတွေအများကြီးရေးပါဘူးဗျာ နာလည်ပေးပါ စိတ်တော့မပူပါနဲ့ ဆုတော့တောင်းပေးပါ။လိမ်လိမ်မာမာနေပေးမယ်နော် အားလုံးကိုချစ်တယ် ကြိုပြောထားတာပါ ……” ဆိုပြီး ကျန်းမာရေးတွေပြန်လည်ကောင်းမွန်အောင် ဝိုင်းဝန်းဆုတောင်းပေးဖို့ တောင်းဆိုထားခဲ့ပါတယ် ပရိသတ်ကြီးရေ…….။

Crd:





Crd: